Home
ရုပျသံ
တူရကီစစ်တပ် အာဏာသိမ်း၊ ပစ်ခတ်မှုများ ဖြစ်ပွား (ရုပ်သံ)
DVB
·
July 16, 2016
တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ ကြေညာလိုက်ပြီးနောက် သံချပ်ကာ ကားတွေလည်း လမ်းမတွေပေါ်မှာ ရောက်နေပါတယ်။ သမတ အာဒိုဂံကတော့ အာဏာသိမ်းတဲ့ စစ်တပ်ကို ရင်ဆိုင် ဖြိုခွင်းသွားမယ်လို့ ကြိမ်းဝါးထားပါတယ်။  လေဆိပ်တွေကို ပိတ်ထားလိုက်ပြီး အင်တာနက် အဆက်အသွယ်တွေ၊ လူမှုကွန်ရက်မီဒီယာတွေ အားလုံးလည်း ပြတ်တောက်နေပါတယ်။ သံချပ်ကာ ကားတွေကို အစ္စတန်ဘူလ်မြို့က အတ္တာတာ့ခ် လေဆိပ်အပြင်ဘက်မှာ တွေ့ရပြီး ဘော့စ်ဖောရပ်စ် တံတားကြီးကို ပိတ်ထားလိုက်တဲ့အတွက် ကားတွေလည်း  ပိတ်မိနေပါတယ်။ ၀န်ကြီးချုပ် ဘီနာလီ ယေဒါရင်ကတော့ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရက ဆက်ပြီး အုပ်ချုပ်ထားဆဲပဲလို့ ကြေညာပါတယ်။ တူရကီဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ အရေးကြီးတဲ့ မဟာမိတ် နိုင်ငံဖြစ်တဲ့ အတွက် ဒီတကြိမ် အာဏာသိမ်းမှုသာ အောင်မြင်သွားခဲ့ရင် ဒေသတွင်းက နိုင်ငံရေးအပေါ်မှာ လည်း အကြီးအကျယ် ဂယက်ရိုက်ဖွယ် ရှိပါတယ်။ လောလောဆယ်မှာတော့ အခြေအနေတွေ ရှုပ်ထွေးနေဆဲ ဖြစ်ပြီး အစိုးရ ရုပ်သံ TRT က သောကြာမှာ စစ်တပ်က အာဏာသိမ်းတဲ့အကြောင်း ကြေညာချက်ကို ဖတ်ကြားပြီးနောက်  ရပ်ဆိုင်သွားပါတယ်။ အန်ကာရာမြို့ရဲ့ လမ်းမတွေပေါ်မှာ သောကြာနေ့ ညပိုင်းက သံနတ်သံတွေ ကြားရသလို မြို့ရဲ့ ကောင်းကင်မှာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပျံဝဲနေခဲ့ပါတယ်။  နိုင်ငံပိုင်မီဒီယာ အာနာဒိုလူရဲ့ သအင်းအရ စစ်တပ် အရာရှိတွေကို အန်ကာရာမြို့က စစ်တပ်ဌာနချုပ်မှာပဲ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ တူရကီစစ်တပ်ရဲ့ ကြေညာချက်မှာတော့ ဒီမိုကရေစီကို ကာကွယ်တဲ့ အနေနဲ့၊ လူ့အခွင့်အရေးကို ထိန်းသိမ်းတဲ့အနေနဲ့ အာဏာသိမ်းလိုက်ရတယ်လို့ ဖော်ပြပါတယ်။ တူရကီရဲ့ နိုင်ငံခြား ဆက်ဆံရေး အားလုံး  ပုံမှန်အတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးကို ပထမ ဦးစားပေးဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024