A d v e r t i s e m e n t With Us

လူ ၈၄ ဦးသေဆုံးခဲ့သည့် လူအုပ်ထဲ ကုန်ကားမောင်းသူမှာ တူနီးရှား ပြင်သစ်တဦးဟုဆို

ဇူလိုင် ၁၄ ရက်ညက လူ ၈၄ ဦးသေဆုံးခဲ့ရတဲ့ ပြင်သစ်နိုင်ငံက လူအုပ်ထဲကို ကုန်ကားနဲ့ မောင်းဝင်ခဲ့သူဟာ ပြင်သစ် တူနီးရှားတဦးဖြစ်တယ်လို့ ဒေသခံ သတင်းတွေက ရေးပါတယ်။ ကားမောင်းသူဟာ အသက် ၃၁ နှစ် Mohamed Lahouaiej Bouhlelဖြစ်တယ်လို့ ဒေသခံ နိုက် မာတင် သတင်းမှာ ရေးတယ်လို့ ဗြိတိန် အင်ဒီပန်းဒင့်သတင်းက ဖော်ပြပါတယ်။ အစောပိုင်းကလည်း ရဲတွေက ကားမောင်းသူရဲ့ မှတ်ပုံတင်ကိုရှာဖွေခဲ့ပြီး ဖော်ထုတ်နိုင်ခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးမှာတော့ ကားမောင်းတဲ့သူတွေကို ရဲတွေက ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ ကြိုတင်ကြံရွယ်တဲ့ တိုက်ခိုက်မှု ဖြစ်သလို ထရပ်ကားကို ဇူလိုင် ၁၃ ရက်ကတည်းက ငှားရမ်းထားတာလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ Mohamed Lahouaiej Bouhlelဟာ ကုန်ပစ္စည်းတွေကို ပေးပို့တဲ့သူအဖြစ်လုပ်ကိုင်နေသလို ရာဇ၀တ်မှု တချို့ကြောင့်သူကို ရဲတွေက သိရှိထားတယ်လို့ ဆိုပါတယ်။ သူရဲ့ အိမ်နီးချင်းတွေကိုလည်း စုံစမ်းမေးမြန်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up