A d v e r t i s e m e n t With Us

ပီရူးတွင် အပျော်စီး ဇိမ်ခံသင်္ဘောတစီး လုယက်ခံရ

ရာဇဝတ်သား ၈ ဦးပါတဲ့ အုပ်စုတစုဟာ ပီရူးနိုင်ငံ အီကွေတိုမြို့နားက အမေဇုန်မြစ်တလျှောက် ခရီးသွားနေတဲ့ အပျော်စီး ဇိမ်ခံသင်္ဘောတစီးကို ဇူလိုင် ၁၄ ရက်နေ့ အရုဏ်တက်ချိန်က လုယက်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ လုယက်ခံရချိန်မှာ "Amazon Discovery" သင်္ဘောပေါ်မှာ အမေရိကန် အယောက် ၂၀၊ သြစတြေးလျ ၆ ဦး၊ နယူးဇီလန်နိုင်ငံသား ၂ ဦးနဲ့ ပီရူးနိုင်ငံသား ၂ ဦးတို့ စီးနင်းလာတယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။ လုယက်သူတွေဟာ လုယက်မှုအပြီး မော်တော်ဘုတ်တစီးနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ အီကွေတိုဆိပ်ကမ်းအကြီးအကဲက ပြောပြီး ခရီးသည်တွေ ဒဏ်ရာရမှု မရှိပါဘူး။ ရာဇဝတ်မှုနဲ့ပတ်သက်လို့ ရဲကိုတိုင်ကြားနိုင်ဖို့ ကမ်းရိုးတန်းစောင့် အရာရှိတွေက ခရီးသည်တွေကို အီကွေတိုမြို့ဆီ ပို့ပေးခဲ့ပါတယ်။ အာဏာပိုင်တွေက လုယက်သူတွေကို ရှာနေပြီး သူတို့ဟာ အနားက မြို့တွေ ရေလမ်းကြောင်းတွေနားမှာ နေသူတွေ ဖြစ်မယ်ဆိုတဲ့ မှန်းဆချက်တွေ ရှိနေပါတယ်။ ခရီးသည်တွေဆီက အမေရိကန်ဒေါ်လာ စုစုပေါင်း ၂၀၀၀၀ လောက် အလုခံရတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပေမယ့် အာဏာပိုင်တွေကတော့ အလုယက်ခံရတဲ့ ငွေပမာဏကို အတည်မပြုသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up