Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကော်မရှင်ဖွဲ့စည်း
DVB
·
July 15, 2016
အစိုးရက အဖွဲ့ဝင် ၆ ဦးပါ ငြိမ်းချမ်းရေးကော်မရှင်တရပ်ကို ဖွဲ့စည်းကြောင်း ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေရဲ့ လူမှုစာမျက်နှာမှာ ဖော်ပြချက်အရသိရပါတယ်။ ကော်မရှင်မှာ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှုး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်တွေအဖြစ် ဦးနိုင်ငံလင်း၊ ဒေါက်တာ အောင်ထွန်း သက်နဲ့ ဦးအောင်စိုးတို့ စုဖွဲ့ထားပါတယ်။ ကော်မရှင်အကြံပေးအဖွဲ့မှာ အဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးနဲ့ ဦးလှမောင်ရွှေတို့ပါဝင်ပါတယ်။ ကော်မရှင်ရဲ့အထောက်အကူပြုအဖွဲ့မှာ အဖွဲ့ဝင် ၇ ဦးပါဝင်ပါတယ်။ ပထမအကြိမ် " ငြိမ်းချမ်းရေးကော်မရှင် " အစည်းအဝေးကို ဒီကနေ့ မနက် ၉ နာရီက ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရုံးခွဲမှာကျင်းပနေပြီး ကော်မရှင် အထောက်အကူပြုအဖွဲ့ဝင်တဦးသာ ပျက်ကွက်တယ်လို့ဆိုပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်၊ ကော်မရှင်အကြံပေးအဖွဲ့နဲ့ ကော်မရှင်အထောက်အကူပြုအဖွဲ့တွေ ဖွဲ့စည်းမှုကို အစိုးရက တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။ ကော်မရှင်ရဲ့ တာဝန်နဲ့ ၀တ္တရားတွေကို မသိနိုင်သေးပါဘူး။ ဒီဗွီဘီက ကော်မရှင်အဖွဲ့ဝင်အဖြစ် အမည်စာရင်းပါဝင်သူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ အစည်းအဝေးကျင်းပနေတာကြောင့် အဖြေမရသေးပါဘူး။ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာမှာ ဦးဆောင်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်အောင် ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024