မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် လူ ၃၀ ကျော် နယူးယောက်လမ်းပေါ်တွင် လဲကျ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က လမ်းထောင့်တခုမှာ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲလို့ လူ ၃၀ ကျော် လဲကျနေတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၂ ရက် မနက်ပိုင်းက မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲလို့ လူတွေဟာ ပလက်ဖောင်းပေါ်မှာ လဲလျောင်းနေရသလို တချို့ဆိုရင် သစ်ပင်တွေ၊ မီးသတ် ရေပိုက်ခေါင်းတွေကို မှီထားရတယ်လို့ ရဲကို အကြောင်းကြားခဲ့ပါတယ်။
လူ ၃၃ ယောက်ကိုလည်း ဆေးရုံတင်ပို့ခဲ့ရသလို ဘာမူးယစ်ဆေးတွေ သုံးစွဲသလဲဆိုတာကိုတော့ မသိရဘူးလို့ အေပီသတင်းမှာ ရေးပါတယ်။
ဒါပေမယ့် တချို့ကတော့ ကေတူးလို့ လူသိများတဲ့ ပေါင်းထားတဲ့ ဆေးခြောက်ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးသုံးထားတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်သလို တချို့က လမ်းပေါ်မှာ အိပ်နေရတယ်လို့ ဆိုပါတယ်။
အရင်နှစ် အောက်တိုဘာကစပြီး နယူးယောက်စီးတီးမှာ ကေတူး ထုတ်လုပ်ရောင်းချမှုကို တရားမ၀င်ဘူးလို့ ကြေညာထားပါတယ်။