ရေစကြိုမြို့နယ်အတွင်းရေကြီးမှုကြောင့် စိုက်ပျိုးသီးနှံတွေပျက်စီး

1.1K
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းနဲ့ ဧရာဝတီမြစ်ကြီးမှုကြောင့် မြို့နယ်ရဲ့ ၃ ပုံ ၂ ပုံလောက် ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး စိုက်ပျိုးသီးနှံတွေလည်း ပျက်စီးကုန်တယ်လို့ ရေစကြိုမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်ဌေးအောင်က ပြောပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ကတည်းက မြစ်ရေလျှံပြီး ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး ချင်းတွင်းနဲ့ ဧရာဝတီမြစ် နှစ်ခုကြားက ကျေးရွာစိုက်ခင်းတွေ ပျက်စီးကုန်တာလို့ ဒေါက်တာဌေးအောင်က ပြောပါတယ်။
“ကျနော်တို့ ရေစကြိုက ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် ကြားထဲမှာရှိတဲ့ ဧရိယာက ကျနော်တို့ မြိုက နယ်ရဲ့ ၃ ပုံ ၂ ပုံနီးပါးရှိတယ်။ အဲဒီဟာက ကျွန်းမြေဖြစ်တဲ့အတွက် အခု ရာသီမှာ စိုက်ထားတာက ပဲတီစိမ်းရယ်၊ စီပီ ပြောင်းဖူးတွေစိုက်ထားတာပေါ့ဗျာ။ အခုရေကြီးချိန်ကျတော့ နေရာအနှံအပြား နစ်မြုပ်တယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တာဆိုတော့ ဧက ဘယ်လောက်ဆိုတာ ခန်းမှန်းလို့ မရသေးပါ ဘူး။ တချို့ကျတော့ စိုက်ပျိုးထားဆဲ၊ အသီးအနှံရ ယူဆဲမှာ ရေနစ်သွားတာပေါ့ဗျာ။ ”
ရေစကြိုမြို့ပေါ်မှာလည်း အမှတ် ၃၊ ၄ နဲ့ ၁ ရပ်ကွက်တွေမှာ ရေ၀င်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွား နေတယ်လို့လည်း ပြောပါတယ်။
ရေကြီးမှုတွေအပြင် ကမ်းပါးပြိုမှုကြောင့်လည်း ပြောင်းရေနေရတဲ့နေအိမ်တွေရှိနေတယ်လို့ လည်း ပြောပါတယ်။
မြစ်ကြားတွင်းက ကျေးရွာကျွန်းပိုင်းကျေးရွာအချို့တွင် မြစ်ရေကြီးမှုကြောင့် ကမ်းပါးများပြိုပြီး သီးနှံများပျက်စီး ဆုံးရှုံးကာ နေအိမ်များ လည်း ရွှေ့ပြောင်းထားရကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေဝင်ရောက်တိုက်စားပြီး ကမ်းပါးပြိုမှုကြောင့် ဇူလိုင်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ အဆောက်အဦ ၂၆ လုံး ရွှေ့ပြောင်းထားရတယ်လို့ အစိုးရက သတင်းမှာ ဖော်ပြထားပါတယ်။