ခရီးသွားလက်မှတ်အတုနှင့် လေယာဉ်စီးမည့် မြန်မာ ၆ ဦးကို ဖမ်းမိ
DVB
·
July 15, 2016
ထိုင်း-မြန်မာနယ်စပ် မဲဆောက်လေဆိပ်မှာ ခရီးသွားလက်မှတ်အတုလုပ်ပြီး ဘန်ကောက်ကို သွားဖို့ ပြင်နေတဲ့ မြန်မာ ၆ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ မနက်ပိုင်းက မြန်မာ ၆ ဦး ကိုင်ဆောင်လာတဲ့ ခရီးသွားလက်မှတ်ကို လေဆိပ်တာဝန်ရှိသူတွေက PIBICS စနစ်နဲ့ စစ်ဆေးကြည့်ရှုရာမှာ စာရွက်ထဲပါတဲ့ အချက် အလက်တွေ မတွေ့ရတဲ့အတွက် တံဆိပ်တုံးအတုထုလာတာလို့ တာ့ခ်ခရိုင် လ၀က ရဲမှူးကြီး ဆုမ်ချိုင်းတေချဖဲက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ မြန်မာ ၆ ဦးမှာ ကျော်မင်းသိန်း (၃၀ နှစ်)၊ အောင်ကိုသူ (၃၉ နှစ်)၊ ဇော်ထူးနိုင် (၃၅ နှစ်)၊ မိုးသဇင် (၂၉ နှစ်)၊ ဖြူဖြူအေး (၃၀ နှစ်) မခင်လှ (၄၂ နှစ်)တို့ဖြစ်ပြီး ကိုင်ဆောင်တဲ့ လက်မှတ်အမျိုးအစားမှာ ထိုင်းအစိုးရမှ ထုတ်ပေးထားတဲ့ ပန်းရောင်ကတ်တွေ ဖြစ်ပါတယ်။
အဆိုပါ ခရီးသွားလာခွင့်လက်မှတ်မှာ မြန်မာသံရုံးမှထောက်ခံပေးတဲ့ တံဆိပ်တုံးလဲပါရှိတဲ့ အတွက် သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ကွင်းဆက်တွေကို ဆက်လက်ရှာဖွေအရေးယူ သွား မယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။