A d v e r t i s e m e n t With Us

ချဲလ်ဆီးနည်းပြသစ် ကွန်တီကို မီဒီယာများနှင့် တရားဝင်မိတ်ဆက်

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးအသင်းက နည်းပြသစ် အန်တိုနီယို ကွန်တီကို မီဒီယာတွေနဲ့ တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ နည်းပြ ကွန်တီဟာ ချဲလ်ဆီးအသင်းကို ကိုင်တွယ်တဲ့ အီတလီနိုင်ငံသားတွေထဲက ၅ ဦးမြောက်နည်းပြ ဖြစ်လာပါတယ်။ နည်းပြ ကွန်တီ ကိုင်တွယ်ခဲ့တဲ့ အီတလီအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဂျာမနီကိုရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ကွန်တီဟာ အီတလီနည်းပြအဖြစ် တာဝန်မယူခင် ဂျုဗင်တပ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ၃ နှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up