မြန်မာဘောလုံး ဖီဖာအဆင့်သတ်မှတ်ချက် ၁ ဆင့်ထပ်တိုး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ဒီကနေ့ ဇူလိုင် ၁၄ ရက် နောက်ဆုံး ထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ရဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့် သတ်မှတ်ချက်အရ မြန်မာ့ဘောလုံး အဆင့်အတန်းဟာ အရင်ကထက် အဆင့် ၁ ဆင့် ထပ်တိုးလာပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မေလ ဖီဖာအဆင့် သတ်မှတ်ချက်မှာ ကမ္ဘာ့အဆင့် ၁၆၇၊ ဇွန်လမှာ အဆင့် သတ်မှတ်ချက် ၁၆၁ နေရာမှာ ရပ်တည်နေရာကနေ အခုဇူလိုင်လမှာတော့ အဆင့် ၁၆၀ နေရာကို ထပ် တက်လာခဲ့တာပါ။ မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ကိုပါအမေရိက ဖလားနဲ့ ယူရို ၂၀၁၆ ပွဲစဉ်တွေ အပြီးမှာခုလိုဖီဖာက ဘောလုံး အဆင့်သတ်မှတ်ချက် အသစ်တွေထုတ်ပြန်လိုက်တာပါ။ ဒါပေမယ့် ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာမှာ အာဂျင်တီနား၊ အဆင့် ၂ ဘယ်ဂျီယံ၊ အဆင့် ၃ ကိုလံဘီယာ၊ အဆင့် ၄ ဂျာမနီနဲ့ အဆင့် ၅ မှာ ချီလီအသင်းတွေ အရင်လကအတိုင်းမပြောင်းလဲပဲ အစဉ်လိုက် အသီးသီး ရပ်တည်နေပါတယ်။ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပေါ်တူဂီအသင်းကတော့ အရင်ကထက် ၂ ဆင့်တက်သွားပြီ်း အဆင့် ၆ နေရာကိုရောက်လာသလို ဒုတိယရတဲ့ ပြင်သစ်အသင်းကလည်း အရင်ကထက် ၁၀ ဆင့်တိုးပြီး အဆင့် ၇ နေရာကိုတက်လာပါတယ်။ စပိန်ကတော့ ၂ ဆင့်ကျသွားပြီး အဆင့် ၈ နေရာ၊ ဘရာဇီးကလည်း ၂ဆင့်ကျပြီး အဆင့် ၉ နေရာ၊ ရှိနေကာ အီတလီကတော့ ၂ ဆင့်တက်ကာ အဆင့် ၁၀ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up