A d v e r t i s e m e n t With Us

ထိုင်းတွင် အတုနှင့် မှောင်ခိုတင်သွင်းသည့် အရက် ဘတ် ၅ သန်းဖိုး ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မှောင်ခိုင်တင်သွင်းထားတဲ့ အရက်တု ဘတ် ၅ သန်းဖိုးကို အထူးစုံစမ်းစစ်ဆေးရေး အရာရှိတွေက ဖမ်းဆီးရမိပါတယ်။ ကုန်လှောင်ရုံတွေကို ၁၂ ကြိမ်လောက် ၀င်ရောက်ဖမ်းဆီး စစ်ဆေးစဉ်မှာ အရက် ၂၇၆၁ ပုလင်း ဖမ်းဆီးမိခဲ့ပြီး ၂၃၀၇ ပုလင်းက အိမ်နီးချင်းနိုင်ငံတွေကနေ မှောင်ခိုတင်သွင်းလာတဲ့ အရက် အစစ်တွေ ဖြစ်ပေမယ့် ကျန်တာကတော့ အရက်တုတွေ ဖြစ်နေပါတယ်။ အရက်တုတွေရဲ့ တံဆိပ် ပုလင်းတွေက အစစ်နဲ့ တပုံစံတည်းဖြစ်သလို သောက်သုံးသူတွေအနေနဲ့ ခွဲခြားဖို့ ခက်တယ်လို့ ရဲအရာရှိကြီးကို ကိုးကားပြီး ထိုင်း ပီဘီအက်စ်သတင်းက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ အရက်တွေကို ရောင်းချတဲ့ ဆိုင်ပိုင်ရှင်က ဆောင်ချင်ချာမှာ နှစ် ၃၀ လောက် အရက်တွေကို ရောင်းချနေတာ ဖြစ်ပါတယ်။ အရက်အစစ်တွေအပြင် အတုတွေနဲ့ မှောင်ခိုတင်သွင်းလာတဲ့ အရက်တွေကိုလည်း ရောင်းတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up