A d v e r t i s e m e n t With Us

လူမျိုးရေးတိုက်ပွဲဖြစ်ပွားနေသည့် တောင်ဆူဒန်မှ သံရုံးဝန်ထမ်းများ ထွက်ခွာ

ဓာတ်ပုံ - ရိုက်တာ
တောင်ဆူဒန်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း လူ ရာချီ သေဆုံးတဲ့ လူမျိုးရေးတိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အတွက် တောင်ဆူဒန်က နိုင်ငံတကာ သံရုံးဝန်ထမ်းတွေ မြို့တော်ကနေ ထွက်ခွာနေကြပါတယ်။ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ဂျပန်၊ အိန္ဒိယနဲ့ ယူဂန်ဒါနိုင်ငံတို့က သူ့သံရုံးဝန်ထမ်းတွေကို ပြန်ပြီး ခေါ်ယူနေကြတာပါ။ ပြီးခဲ့တဲ့တပတ်က တောင်ဆူဒန်သမ္မတနဲ့ ဒု-သမ္မတတို့ရဲ့ မတူတဲ့ လူမျိုးစုတွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လူ ၃၀၀ လောက် သေဆုံးတယ်လို့ တောင်ဆူဒန်သတင်းတွေက ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံတွေက အပစ်အခတ်ရပ်စဲရေး သတိပေးခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၁၃ ရက်က မြို့တော်မှာ ဒုတိယမြောက်နေ့အဖြစ် ငြိမ်သက်နေတယ်လို့ မြို့တော်သတင်းတွေက ဆိုပါတယ်။ ဒုတိယသမ္မတ မာချာနဲ့ သူ့ရဲ့တပ်တွေကတော့ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားတဲ့အနေနဲ့ ဂျူဘားမြို့တော်က ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ တောင်ဆူဒန်ကို ခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှု မရှိတော့တဲ့အတွက် စစ်လေယာဉ်တွေ၊ စင်းလုံးငှားလေယာဉ်တွေနဲ့ သံရုံးဝန်ထမ်းတွေ ထွက်ခွာနေကြတာပါ။ မြို့တော်မှာ အပစ်အခတ်ရပ်စဲရေး လိုက်နာမှု ရှိနေတဲ့အတွက် ကင်ညာသံရုံး ၀န်ထမ်းတွေကို လောလောဆယ် ပြန်မခေါ်သေးဘူးလို့ ကင်ညာ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်သံရုံးကတော့ မရှိမဖြစ် သံရုံးဝန်ထမ်းတွေကလွဲလို့ ကျန်ဝန်ထမ်းတွေအားလုံးကို ပြန်ခေါ်ထုတ်ဖို့ စီစဉ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up