A d v e r t i s e m e n t With Us

ထိုင်ဝမ်အကြီးစားဘဏ် ၃ ခု အေတီအမ်မှ ငွေထုတ်ယူနိုင်သည့် ၀န်ဆောင်မှု ရပ်ဆိုင်း

ဓာတ်ပုံ - ရိုက်တာ
ထိုင်ဝမ်အကြီးစားဘဏ် အနည်းဆုံး ၃ ခုက အေတီအမ် ငွေထုတ်စက်တွေကနေ ငွေထုတ်ယူနိုင်တဲ့ ဝန်ဆောင်မှုကို ရပ်ဆိုင်းထားလိုက်ပါတယ်။ ထိုင်ဝမ်ဒေါ်လာ သန်း ၇၀ ခိုးယူခံရတယ်လို့ ပထမဘဏ်က အစီရင်ခံအပြီး ခုလို ရပ်ဆိုင်းလိုက်တာပါ။ ငွေထုတ်စက်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာထဲမှာ ငွေထုတ်သူ ၂ ယောက်ရဲ့ပုံကို မမြင်ရဘူးလို့ ပထမဘဏ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ သူခိုးကိုတော့ ဇူလိုင် ၁၁ ရက်က ရှာတွေ့ခဲ့ပါတယ်။ Wincor Nixdorf ကုမ္ပဏီထုတ် ငွေထုတ်စက်ကနေ ခိုးယူတာဖြစ်ပြီး ဘဏ်မှာ အဲဒီလို ငွေထုတ်စက် အလုံး ၃၀၀ လောက်ရှိတယ်လို့ ဘဏ်ရဲ့ ဒု-ဥက္ကဋ္ဌ ယဲ့ချွမ်းဟွေက ပြောပါတယ်။ ငွေထုတ်စက် ဖောက်ထွင်းမှုမှာ ပထမဆုံးရှာတွေ့တဲ့ အချက်တွေကို ထိုင်ဝမ် တရားရေးဌာန စုံစမ်းစစ်ဆေးရေးဗျူရိုက ဇူလိုင် ၁၃ ရက် သတင်းစာရှင်းလင်းပွဲမှာ တင်ပြခဲ့ပြီး ဘဏ်ငွေအပ်နှံသူတွေ ချောက်ချားမှု မဖြစ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ထိုင်ဝမ်ဘဏ်တွေမှာ ဂျာမနီကုမ္ပဏီလုပ် ငွေထုတ်စက် ၄၉၉၀ ရှိတယ်လို့ ဘဏ္ဍာရေး ကြီးကြပ်မှု ကော်မတီမှ အရာရှိတဦးက ပြောပါတယ်။ ကြိုတင်သတိထားတဲ့အနေနဲ့ ထိုင်ဝမ်ကျွန်းတလွှားက ငွေထုတ်စက်တွေ အများအပြားမှာ ငွေထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ဘယ်လိုရပ်တန့်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up