ဘယ်လ်ဂျီယံမြို့တော်တွင် ပေါက်ကွဲမှု ၃ ကြိမ် ဆက်တိုက်ဖြစ်ပွား (ရုပ်သံ)

1.1K
ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်က စီးပွားရေး အချက်အချာကျတဲ့ စိန့်ဂေးမှာ ပေါက်ကွဲမှုတွေ ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင် ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကားအတော်များများ ပျက်စီးသွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။
လူမှုကွန်ရက် မီဒီယာပေါ်ကို တက်လာတဲ့ ရုပ်သံဖိုင်မှာတော့ မီးလောင်နေတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသေးသလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ဘရပ်ဆဲလ် မြို့လယ်ခေါင်ကို ပိတ်ထားတယ်လို့ ဆိုပါတယ်။
ပေါက်ကွဲသံတွေ အတော်များများကို ကြားရတယ်လို့ ဒေသခံတွေကို ကိုးကားပြီးတော့လည်း သတင်းတွေက ဖော်ပြပါတယ်။
ဒေသခံသတင်းတွေမှာတော့ ကား ၈ စီးလောက် မီးလောင်ကျွမ်းခဲ့သလို တဦးတယောက်မှ သေဆုံး ဒဏ်ရာရတာ မရှိဘူးလို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုလို့ မယူဆကြောင်း တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေမှာ ရေးပါတယ်။