ရာသီကြို ခြေစမ်းပွဲတွင် ၁၆ ဂိုး သွင်းယူခဲ့သည့် ရိုးမား (ရုပ်သံ)

821
အီတလီ စီးရီးအေကလပ် ရိုးမားအသင်းဟာ ဇူလိုင် ၁၃ ရက်က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အီတလီ ကလပ်အသင်းငယ်တခုဖြစ်တဲ့ ပစ်ဇိုလာအသင်းကို ၁၆ ဂိုးသွင်းပြီး အနိုင်ရရှိသွားပါတယ်။
အီတလီ ထရန်တီနိုမြို့မှာ ကစားတဲ့ပွဲမှာ မိုးရွာနေတဲ့အတွက် ကစားသမားတချို့ ကနဦးမှာ ချော်နေပေမယ့်လည်း နောက်ပိုင်းမှာ ရိုးမားကစားသမားတွေက အခြေအနေကို ထိန်းညှိကစားသွားပါတယ်။
ဒီပွဲမှာ ရိုးမားအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ထိန်းချုပ်ကစားသွားခဲ့သလို ဒီဇက်ကို၊ မိုဟာမက် ဆာလာ၊ ဒီယေဂို ပါရောတီ၊ ရီစီ၊ ဂျူအန် အီထရာဘီတို့က ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီဇက်ကိုက ၄ ဂိုးသွင်းပြီး ပထမပိုင်းမှာတင် ရိုးမားအသင်းက ၉ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ ရိုးမားက ကစားသမား တော်တော်များများကို လူစားလဲခဲ့ပြီး ၇ ဂိုး ထပ်မံသွင်းယူသွားတာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ အမှတ်ပေးပွဲ ရာသီမတိုင်မီ သြဂုတ် ၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်ပြီး လီဗာပူးအသင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။