ဂျပန်ဧကရာဇ်ဘုရင်ကြီး ထီးနန်းလွှဲပြောင်းပေးမည်

712
သက်တော် ၈၂ နှစ်ရှိပြီဖြစ်တဲ ဂျပန်ဧကရာဇ်ဘုရင် အကီဟီတိုဟာ ကျန်းမာရေးအခြေအနေအရ သက်ရှိထင်ရှား ရှိစဉ် သားတော်ကြီး အိမ်ရှေ့စံမင်းသား နာရူဟီတိုကို လွှဲပြောင်းပေးဖို့ စီစဉ်ရန် မိန့်ကြားလာတယ်လို့ ဂျပန်နန်းတွင်းရေးရာ အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ခမည်းတော် ဧကရာဇ်ဘုရင်ကြီး ဟီရိုဟီတိုရဲ့ အရိုက်အရာကို ၁၉၈၉ ခု ဇန်န၀ါရီလက စပြီး ၁၂၅ ကြိမ်မြောက် ဂျပန်ဧကရာဇ်အဖြစ် ဆက်ခံခဲ့သူ ဘုရင်ကြီး အကီဟီတိုဟာ ပြီးခဲ့တဲ့နှစ်အတွင်းက အကြီးစားခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရပြီး တချို့အစီအစဉ် အခမ်းအနားတွေကို လောလောဆယ် တက်ရောက်ဖို့ ပျက်ကွက်မှုတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
၁၈၁၇ ခုနှစ် ကိုခခုဧကရာဇ်ဘုရင်ကြီးနောက်ပိုင်း ပထမဦးဆုံး သက်ရှိထင်ရှားနဲ့ နန်းစွန့်မှာ ဖြစ်ပြီး အစောဆုံးရှေ့နှစ်မှာ အရိုက်အရာဆက်ခံမယ့် အိမ်ရှေ့စံမင်းသား နာရူဟီတို ဟာ သက်တော် ၅၆ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။
အိမ်ရှေ့စံမင်းသား နာရူဟီတိုမှာ သမီးတော်တပါးသာ ထွန်းကားပြီး ဂျပန်နိုင်ငံရဲ့ လက်ရှိဥပဒေအရ ဂျပန်ဧကရာဇ်အဖြစ် ဆက်ခံမည်သူတွေဟာ အမျိုးသား အိမ်ရှေ့မင်းသားသာ ဆက်ခံခွင့် ရှိနေပါတယ်။
သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်