လက်စတာကွင်းလယ်လူ ကန်တေကို ချဲလ်ဆီး ကမ်းလှမ်း

ဓာတ်ပုံ - ရိုက်တာ
လက်စတာကွင်းလယ်လူ ကန်တေကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ပေါင် ၂၉ သန်းနဲ့ ကမ်းလှမ်းလိုက်ပါတယ်။ အခုလို ကမ်းလှမ်းလိုက်တာကြောင့် ကန်တေရဲ့ အပြောင်းအရွှေ့ဟာ ဒီတပတ်အတွင်း ပြီးမြောက်ဖို့ အလားအလာ ရှိနေပါတယ်။ ဒီကမ်းလှမ်းမှုဟာ ချဲလ်ဆီးနည်းပြသစ် ကွန်တီရဲ့ ပထမဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားပြီး အသင်းကြီးတသင်းကို ပြောင်းရွှေ့ချင်နေပါတယ်။ မနှစ်က လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တာမှာ ကန်တေရဲ့ အခန်းကဏ္ဍက အရေးပါခဲ့သလို ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာလည်း ပြင်သစ်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ လက်စတာအသင်းဟာ ကန်တေ အသင်းကနေ ထွက်ခွာခဲ့ရင် အစားထိုးနိုင်ဖို့ ဘန်လေအသင်းခေါင်းဆောင် မိုက်ကယ်ကိန်းကို ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up