ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်း
DVB
·
July 14, 2016
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကို ယာယီ ၁၁ ဦးနဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီလို့ ဂေါပကအဖွဲ့ဝင်(စီမံ)က ဦးစိန်ဝင်းအောင်က ပြောပါတယ်။
အရင် အဖွဲ့ဝင်ဟောင်း ၉ ဦးရှိပြီး ၉ ဦးထဲက ၃ ဦးက ကျန်းမားရေးနဲ့ အသက်အရွယ်ကြောင့် ထွက်သွားပြီး အသစ် ၅ ဦး အစားဝင်ပြီး စုစုပေါင်း ၁၁ ဦးနဲ့ အသစ်ပြန်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ဂေါပကအဖွဲ့ဝင်သစ်တွေနဲ့အတူ ဂေါပကစည်းမျဉ်းစည်းကမ်းတွေကိုလည်း အသစ်ပြန် ပြင်ဆင် သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။