A d v e r t i s e m e n t With Us

တာပေါင်ရိုးကိုဖို့သည့် ကျောက်သယ်ကား ရေထဲထိုးကျ (ရုပ်သံ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ခရိုင်မှာ တာပေါင်ရိုးကိုဖို့မယ့် ကျောက်သယ်ကားတစင်းဟာ ရေထဲကို ထိုးကျသွားပါတယ်။ ၁၀ မီတာရှည်တဲ့ တာပေါင်ရိုး ပြိုနေတာကို ဇူလိုင် ၁၀ ရက်နေ့က သတိထားမိခဲ့ပြီး တာဝန်ရှိသူတွေက ဒီပြိုပျက်နေတာကို ကာကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်မှာတော့ ရေကြီးတာကို ကာကွယ်ဖို့ လုံခြုံရေးကြိုးတွေ ရစ်ပတ်ထားတဲ့ ကားဆရာက ကျောက်တွေတင်ထားတဲ့ကားကို မောင်းပြီး တာပေါင်ကိုဖို့ဖို့ ကြိုးစားပါတယ်။ ဒီလိုမောင်းနှင်ခဲ့ရာမှာ တာပေါင်က ပြိုကျခဲ့ပြီး ကားက ရေထဲထိုးကျသွားပါတယ်။ ကားပြုတ်ကျသွားပေမယ့် ကားဆရာကတော့ ကားအတွင်းကနေ လွတ်မြောက်သွားပါတယ်။ တာပေါင်ကို ပြန်ဖို့တာတွေလုပ်ဖို့ ကား ၁၃ စီး ကျောက်တွေတင်ပြီး မောင်းနှင်ခဲ့ရာ ဒီအထဲက တစီး အခုလို ထိုးကျသွားတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်ကို ကြည့်ရှုခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေက ထူးခြားတဲ့ တာပေါင်ဖို့တာကို ဝေဖန်ခဲ့သလို တချို့ကလည်း ဒီလုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းမှာ သည်းထန်တဲ့မိုးကြောင့် ရေကြီးမှုတွေလည်း ဖြစ်ပွားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up