ရာသီကြိုခြေစမ်းပွဲတွင် ၅ ဂိုးပြတ်နိုင်သည့် လီဗာပူး (ရုပ်သံဟိုက်လိုက်)
ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ ရာသီကြို ခြေစမ်းပွဲအဖြစ် လိဂ်ဝမ်းကလပ် ဖလိဝုဒ်တောင်း အသင်းတို့ ဇူလိုင် ၁၃ ရက်က ယှဉ်ပြိုင်ရာ လီဗာပူးက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ပွဲစပြီး ပထမပိုင်း ၁၁ မိနစ်မှာပဲ လီဗာပူးအသင်း ပယ်နယ်တီကန်ခွင့်ရပြီး ဒန်နီအင့်စ် ကန်သွင်းခဲ့ပေမယ့် ဖလိဝုဒ်တောင်း ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ လီဗာပူးအသင်း နစ်နာခဲ့ရပါတယ်။
လီဗာပူးအသင်းဟာ ဒီပွဲမှာ လူငယ်ကစားသမားတွေ၊ ဒီရာသီမှာ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေ ထည့်သွင်းအသုံးပြုပြီး အဲဒီကစားသမားတွေကလည်း ခြေစွမ်းပြနိုင်ခဲ့လို့ ဖလိဝုဒ်တောင်းအသင်းကို အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးတွေကို ၁၈ မိနစ်မှာ မာကို ဂရူဂျစ်၊ ၅၂ မိနစ်မျာ ဘန်ဂျမင် ၀ုဒ်ဘန်း၊ ၆၉ မိနစ်မှာ လူးကပ်စ်၊ မိနစ် ၇၀ နဲ့ ပွဲပြီးခါနီး မိနစ် ၉၀ တို့မှာ ဖာမီနိုတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။