ခင်ပွန်းကို ရဲတင်းဖြင့်ခုတ်သတ်သည့်ဇနီး ရဲစခန်းတွင် လာအဖမ်းခံ

2.8K
ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ခင်ပွန်းဖြစ်သူကို ရဲတင်းနဲ့ ခုတ်သတ်တဲ့ ဇနီးက ရဲစခန်းသို့ ဒီနေ့ မနက်ပိုင်းက လာရောက်အဖမ်းခံခဲ့တယ်လို့ ရန်ကုန်ရဲ ဖေ့ဘုတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ ဇူလိုင် ၁၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်လောက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အသက် ၃၈ နှစ်အရွယ် မစုစုလှိုင် ရောက်ရှိလာပြီး ဒီနေ့ မနက် ၅ နာရီခွဲ အချိန်လောက်က နေအိမ်တွင် အိပ်ပျော်နေတဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်မျိုးလင်းကို ရဲတင်းနဲ့ ဦးခေါင်းကိုခုတ်ခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ သေဆုံးနေပြီလို့ လာရောက်ပြောကြားကာ အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးချက်အရ ခင်ပွန်းဖြစ်သူက အကြိမ်ကြိမ်နှိပ်စက်ကာ ဆဲဆိုရိုက်ပုတ်လေ့ရှိ သက်သေထွက်ဆိုချက်အရ သိရပါတယ်။
သေဆုံးသူ ကိုကျော်မျိုးလင်းမှာ နှုတ်ခမ်းဝဲဘက်၊ ၀ဲချိုစောင်း၊ နဖူးနှင့် နှာခေါင်းတို့တွင် ပေါက်ပြဲ၊ ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူ မစုစုလှိုင်ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း (ပ)၁၃၂၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Yangon Police