ဖောင်းပြင်မြို့နယ်တွင် ကမ်းပါးပြို၍ နေအိမ်များ ပြောင်းရွှေ့
DVB
·
July 13, 2016
ဖောင်းပြင်မြို့နယ်မှာ ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး ရေတိုက်စားတဲ့အတွက် မောက်ပလင် အုပ်စု ကျေးရွာအတွင်းရှိ ကျေးရွာ ၂ က နေအိမ်တွေ ရွှေ့ပြောင်းနေရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် မောက်ပလင်အုပ်စု ကျေးရွာတွင်းရှိ ကွမ်းတောကျေးရွာနဲ့ ငွေသောင်ယံကျေးရွာများမှာ ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး ရေတိုက်စားမှုကြောင့် ကမ်းပါးတွေ ပြိုကျနေတဲ့အတွက် လူနေအိမ် ၁၄ လုံး ရွှေ့ပြောင်းနေရ တာပါ။
ကမ်းပါးပြိုကျမှုကြောင့် ကွမ်းတောကျေးရွာမှာ လူနေအိမ် ၇ လုံးနဲ့ လူဦးရေ ၂၃ ဦးပြောင်းရွှေ့ခဲ့ရပြီး ငွေသောင်ယံကျေးရွာမှာတော့ လူနေအိမ် ၇ လုံးနဲ့ လူဦးရေ ၁၈ ဦး တို့ ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါပြောင်းရွှေ့ရသူများဟာ ရေလွတ်ရာ ကမ်းပါးနဲ့လွတ်တဲ့ နီးစပ်ရာဆွေမျိုးသားချင်း နေအိမ်တွေမှာ ခိုလှုံနေထိုင်နေရတယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ် ချင်းတွင်းမြစ်ရေမြင့်တက်ချိန်ကလည်း မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်ရှိ ကျေးရွာတချို့မှာ ကမ်းပါးပြိုကျတဲ့အတွက် လူနေအိမ်များ ပြောင်းရွှေ့ခဲ့ရတာတွေလည်း ရှိပါ တယ်။
သတင်း - ရန်နိုင်စိုး