အမေရိကန် ထိပ်တန်းဗိုလ်ချုပ်များ လိုက်ပါလာသည့် စစ်သင်္ဘောအနီး အီရန်စစ်ရေယာဉ် ချဉ်းကပ်သည့် ဓာတ်ပုံများ ဖြန့်ချိ

1.1K
အီရန်စစ်ရေယာဉ် ၅ စီးက အမေရိကန်ရဲ့ ထိပ်တန်းဗိုလ်ချုပ်တွေ စီးနင်းလိုက်ပါလာတဲ့ အမေရိကန်စစ်သင်္ဘောအနားကို ဇူလိုင် ၁၁ ရက်နေ့က ချဉ်းကပ်ခဲ့တဲ့ ဓာတ်ပုံတွေကို အမေရိကန်ရေတပ်က ဇူလိုင် ၁၂ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။
အီရန်ရဲ့ ထိပ်တန်း တော်လှန်ရေး အစောင့်တပ်က ဟော်မုဇ်ရေလက်ကြားမှာ ခုတ်မောင်းနေတဲ့ အမေရိကန် စစ်သင်္ဘောကို စောင့်ကြည့်ဖို့ သူ့ရဲ့ စစ်ရေယာဉ် ၅ စီးကို စေလွှတ်ခဲ့တာပါ။
သူတို့ဟာ အမေရိကန်စစ်သင်္ဘောနဲ့ မီတာ ၅၀၀ အကွာအဝေးထိ အနီးကပ် လိုက်ပါခုတ်မောင်းခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းက အမေရိကန်စစ်တပ် အားလုံးကို ကြီးကြပ်ရတဲ့ ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဗိုတယ်လ်က ခုလို ချဉ်းကပ်မှုက ဘေးကင်းပေမယ့် အီရန်စစ်သင်္ဘောတွေက ခြိမ်းခြောက်နေတာ ဟုတ်၊ မဟုတ် ဆုံးဖြတ်ဖို့ အချိန်နည်းနည်းပဲရှိကြောင်း သတိပေးနေတယ်လို့ ပြောပါတယ်။
အီရန် စစ်ရေယာဉ်တွေထဲမှာ စက်သေနတ် ကိုင်ဆောင်ထားသူတွေပါတဲ့ စပိဘုတ် ၄ စီးနဲ့ ပဲ့ထိန်းဒုံးကျည်တပ် ကင်းလှည့်သင်္ဘောတစီးတို့ ပါပါတယ်။
ဓာတ်ပုံ - ရိုက်တာ