အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူရီရန်ကို ခေါ်ယူလိုလျှင် ပေါင်သန်း ၈၀ ပေးရမည်ဟု ဆို

ဓာတ်ပုံ - ရိုက်တာ
အာဆင်နယ်အသင်းအနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူရီရန်ကို ခေါ်ယူချင်ရင် ပေါင်သန်း ၈၀ အထိ ပေးရလိမ့်မယ်လို့ အီတလီကလပ်အသင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေပါတယ်။ သတင်းတွေမှာတော့ အီတလီကလပ် နာပိုလီတိုက်စစ်မှူး ဟီဂူရီရန်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတခုက ခေါ်ယူဖို့ ညှိနှိုင်းနေတယ်ဆိုပြီး ရေးသားကာ တိုက်ရိုက်ကမ်းလှမ်းတာမျိုး မရှိသေးဘူးလို့လည်း ဆိုထားပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ နာပိုလီအသင်းနဲ့ လောလောဆယ် စာချုပ်သက်တမ်း ၂ နှစ် ကျန်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဟီဂူရီရန်ဟာ အာဆင်နယ်ကို ပြောင်းဖို့ သဘောတူညီချက် ရမလို ဖြစ်အပြီးမှာ အီတလီကလပ်ကို ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းအတွက် ၃၆ ဂိုး သွင်းပေးထားပြီး ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up