A d v e r t i s e m e n t With Us

ကမ္ဘာတ၀န်း မီးပုံးပျံဖြင့် မနားတမ်းပျံသန်းပြီး စံချိန်သစ်ထူရန် ၆၅ နှစ်အရွယ် ရုရှားလူမျိုး ကြိုးပမ်း (ရုပ်သံ)

အသက် ၆၅ နှစ်အရွယ် ရုရှားနိုင်ငံသား ဖာဒေါ ကွန်ယုကော့ဗ်က သြစတြေးလျနိုင်ငံကနေ ကမ္ဘာတ၀န်းကို မီးပုံးပျံနဲ့ မနားတမ်း ပတ်ပျံပြီး စံချိန်သစ်ထူထောင်မယ့် ခရီးစဉ်ကို ဇူလိုင် ၁၂ ရက်က စတင်လိုက်ပါတယ်။ ၂၀၀၂ ခုနှစ်က အမေရိကန် ခရီးသွား စတိဗ် ဖိုဆက် ကမ္ဘာပတ်ပျံသန်းခဲ့တဲ့ သြစတြေးလျ အနောက်ပိုင်းကနေ ဖာဒေါ ကွန်ယုကော့ဗ်က ၁၈၄ ပေရှည်တဲ့ ဟီလီယံသုံး မီးပုံးပျံနဲ့ စတင်ခဲ့တာပါ။ စတိဗ်ဖိုဆက်က ၂၁၀၀၀ မိုင်ရှိတဲ့ ခရီးစဉ်ကို ၁၃ ရက်နဲ့ ပျံသန်းနိုင်ခဲ့လို့ အများစုက ဒီရက်ထက် နည်းနိုင်သမျှ နည်းအောင် ပျံသန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဖိုဆက်ဟာ ဒီလိုပျံသန်းခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်က လေယာဉ်မတော်တဆမှုနဲ့ သေဆုံးသွားပါတယ်။ ဒီခရီးစဉ်အတွက် စီစဉ်စရာရှိတာတွေကို လုပ်ဆောင်ဖို့ ၆ ပတ်လောက် ကြိုတင် ပြင်ဆင်ခဲ့ရတယ်လို့ ကွန်ယုကော့ဗ်ရဲ့သား အော်စကာကို ကိုးကားပြီး သတင်းတွေမှာ ရေးပါတယ်။ သြစတြေးလျကို ၂ ရက်အတွင်း ဖြတ်သန်းဖို့ ကွန်ယုကော့ဗ်က မျှော်လင့်နေပြီး တပ်စ်မန် ပင်လယ်ကနေ နယူးဇီလန်ကို ဦးတည်မှာ ဖြစ်ပါတယ်။ ဒီနောက် ချီလီ၊ အာဂျင်တီးနား၊ အာဖရိကတောင်ပိုင်းကနေ သြစတြေးလျကို ပြန်လည်ရောက်ရှိဖို့ ခရီးစဉ် စီစဉ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up