A d v e r t i s e m e n t With Us

ကွင်းလယ်လူ ၀ီလျံကို ချဲလ်ဆီး သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးအသင်းက ကွင်းလယ်ကစားသမား ၀ီလျံကို ၄ နှစ်စာချုပ် သက်တမ်းထပ်တိုးလိုက်ပါတယ်။ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးနဲ့ ၂ နှစ်စာချုပ်သက်တမ်း ကျန်နေချိန်မှာ ထပ်ပြီး တိုးလိုက်တာပါ။ ကွင်းလယ်လူ ၀ီလျံဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအတွက် ၅၉ ပွဲ ကစားရာမှာ ၁၃ ဂိုး သွင်းထားပါတယ်။ အသက် ၂၇ နှစ်အရွယ် ၀ီလျံဟာ ရုရှားကလပ် အန်ဇီကနေ ပေါင်သန်း ၃၀ နဲ့ ချဲလ်ဆီးကို ၂၀၁၃ ခုနှစ်မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၃၀ မှာ ၆ ဂိုး သွင်းပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up