ပြင်သစ်နောက်ခံလူ ဆယ်မြူရယ် အမ်တက်တီကို ဘာစီလိုနာ ခေါ်

ဓာတ်ပုံ - ရိုက်တာ
574
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းက ပြင်သစ်နောက်ခံလူ ဆယ်မြူရယ် အမ်တက်တီကို ခေါ်ယူလိုက်ပါတယ်။
ဘာစီလိုနာက ပြင်သစ်နောက်တန်းကစားသမားကို လီယွန်အသင်းကနေ ပေါင် ၂၁ သန်းပေးပြီး ခေါ်လိုက်တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် အမ်တက်တီဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ပြင်သစ်အသင်းအတွက် ပွဲဦးထွက် ကစားခွင့် ရထားပါတယ်။
ဘာကာအသင်းက အမ်တက်တီကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူထားတာပါ။
သူဟာ လီယွန်အသင်းနဲ့ ပွဲပေါင်း ၁၅၀ ကစားပေးထားပြီး ချန်ပီယံဆု ၁ ခု ရရှိထားပါတယ်။