နယ်သာလန်တိုက်စစ်မှူးကို စပါး ခေါ်
ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းက နယ်သာလန် တိုက်စစ်မှူး ဗင်းဆင့် ဂျန်ဆန်ကို ပေါင် ၁၇ သန်းပေးပြီး ခေါ်ယူလိုက်ပါတယ်။
စပါးအသင်းက နယ်သာလန်ကလပ် အေဇက်အယ်ခ်မာ အသင်းကနေ ဂျန်ဆန်ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဒတ်ခ်ျ အမှတ်ပေးလိဂ် ရာသီတုန်းက အသင်းအတွက် ၂၇ ဂိုး သွင်းယူထားပါတယ်။
တိုက်စစ်မှူး ဂျန်ဆန်ဟာ စပါးအသင်းကနေ ဒုတိယမြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
သူ့ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ ဂျာမန်ကလပ် ၀ုဖ်ဘာ့ဂ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေမှာ ခန့်မှန်းထားပါတယ်။
တိုက်စစ်မှူး ဂျန်ဆန်ဟာ နယ်သာလန်လက်ရွေးစင် အသင်းအတွက် ၅ ပွဲ ကစားပေးထားရာမှာ ၃ ဂိုး သွင်းယူထားပါတယ်။