တမူထူးခြားသည့် ရေမြင်းဆပ်ကပ် (ရုပ်သံ)

ကျား၊ ခြသေ့င်္၊ မျောက်၊ ဆင်တွေနဲ့ ဧည့်ခံဖျော်ဖြေတဲ့ ဆပ်ကပ်ကိုတော့ လူအတော်များများ မြင်ဖူးပေမယ့် ရေမြင်းတွေကို သင်ကြားပြီး ဖျော်ဖြေခိုင်းတဲ့ ဆပ်ကပ်ကတော့ ထူးခြားနေမှာ ဖြစ်ပါတယ်။
တကောင်ကို တတန်လောက်လေးပြီး ကြီးမားတဲ့သွားတွေနဲ့ လူတွေကို ရန်လိုတယ်လို့ အသိများတဲ့ ရေမြင်းတွေကို ရုရှားနိုင်ငံ Krasnoyarsk မြို့က ဖျော်ဖြေပွဲတခုမှာ ဆပ်ကပ်အဖွဲ့တဖွဲ့က အသုံးတော်ခံခဲ့ပါတယ်။
ဇာလတ်၊ ယာနာနဲ့ အီဒါလို့ နာမည်ပေးထားတဲ့ ရေမြင်း ၃ ကောင်က မီးရောင်အောက်မှာ ဘောလုံးတွေ ကစားပြတာ၊ တကောင်ပေါ် တကောင်တက်ပြီး ကျော်ပြတာတွေကို လုပ်ဆောင်ပြသခဲ့ပါတယ်။
တကယ်တော့ ရေမြင်းတွေဆိုတာက အလွယ်တကူ စိုးရွံ့တတ်ပေမယ့် ရေမြင်းတွေကို ထိန်းကျောင်းတဲ့ တိုဖစ် အက်နျူဒေါ့ကတော့ ပရိသတ်ကို အန္တရာယ်မဖြစ်စေဘူးလို့ အာမခံထားပါတယ်။
ရေမြင်းတွေကို လေ့ကျင့်ပြီး ဖျော်ဖြေတာဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဆပ်ကပ်တခုလို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။
၁၉၇၉ ခုနှစ်ကတည်းက အက်နျူဒေါ့က ရေမြင်းတွေကို ထိန်းကျောင်းလေ့ကျင့်ပေးခဲ့ပြီး အခု ရေမြင်း ၃ ကောင်လုံးဟာ အစ္စရေးက ရေမြင်းတွေပဲ ဖြစ်သလို တနှစ်သား အရွယ်ကတည်းက လေ့ကျင်ပေးခဲ့တာ ဖြစ်ပါတယ်။
လေ့ကျင့်စဉ်ကတော့ ရေမြင်းတွေဟာ အတော်ရိုင်းစိုင်းတယ်၊ ရေမြင်း ၁၃ ကောင်နီးပါးကို လေ့ကျင့်ပေးတယ်လို့ သူက ဆိုပါတယ်။
အက်နျူဒေါဟာ ရေမြင်းဆပ်ကပ်ကို အရှေ့ဥရောပ၊ ရုရှားနဲ့ အာရှနိုင်ငံတွေကို လည့်လှည် ဖျော်ဖြေခဲ့ပါတယ်။