နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် စပိန်တောင်ပိုင်းမှ အီဂျစ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ

စပိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက နိုင်ငံတောင်ပိုင်း ဆီဗီလား (Seville) မြို့ကနေ အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုကို ဆက်လက်ထွက်ခွာသွားပါတယ်။ ဒီခရီးစဉ်ဟာ Solar Impulse 2 နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ရဲ့ ကမ္ဘာတပတ်ခရီးစဉ် နောက်ဆုံး အပြီးသတ်ခရီးစဉ်ရှေ့က ခရီးစဉ်ဖြစ်ပြီး နာရီ ၅၀ ကျော် ကြာမြင့်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ နောက်ဆုံးခရီးစဉ်ကတော့ ကိုင်ရိုမြို့တော်ကနေ ကမ္ဘာတပတ်ခရီးစဉ်ရဲ့ မူလအစဖြစ်တဲ့ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ ခရီးစဉ်နဲ့ အဆုံးသတ်မှာပါ။ ဒီခရီးစဉ်ကို လေယာဉ်မှူးတဦးဖြစ်တဲ့ Andre Borschberg က မောင်းနှင်မှာဖြစ်ပြီး  ဒီ ကမ္ဘာတပတ်ပျံသန်းမှု အစီအစဉ်မှာ သူ့ရဲ့ နောက်ဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။ လေယာဉ်မှူး Borschberg ဟာ ဂျပန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ကို ပျံသန်းတဲ့ခရီးစဉ်မှာ လေယာဉ်မှူးတဦးတည်း မရပ်မနားပျံသန်းတဲ့ ကမ္ဘာ့အရှည်ဆုံး လေယာဉ်မောင်းနှင်မှု ခရီးစဉ်အဖြစ် ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ရဲ့ အမြန်ဆုံး ပျံသန်းနိုင်တဲ့ အရှိန်နှုန်းဟာ ၁ နာရီ ၄၃ မိုင်နှုန်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up