အီးယူမှ နုတ်ထွက်ခဲ့သော်လည်း နီးကပ်သည့်ဆက်ဆံရေး ဆက်ရှိမည်ဟု ဗြိတိန် ပြော

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်နိုင်ငံဟာ အီးယူအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ခဲ့ပေမယ့် အီးယူအဖွဲ့ကြီးနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ဆက်လက်ထားရှိသွားမယ်လို့ ဇူလိုင် ၁၁ ရက်နေ့က ပြောပါတယ်။ ဒါဟာ ဗြိတိန်နိုင်ငံရဲ့ အခြေခံကျတဲ့ မူဝါဒဖြစ်ပြီး ဥရောပနဲ့ ဆက်ဆံရေးပုံစံသစ်ကို အကောင်းဆုံး ဖော်ဆောင်သွားရမှာ ဖြစ်တယ်လို့ လန်ဒန်မြို့တော် တောင်ပိုင်းမှာ ကျင်းပတဲ့ လေကြောင်းပြပွဲတခုမှာ ပြောဆိုခဲ့တာပါ။ လူထုဆန္ဒခံယူပွဲ မဲရလဒ်ကို ဘယ်လိုဖြစ်ဖြစ် လက်ခံရမှာဖြစ်ပြီး ရွေးချယ်တဲ့အတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစား အကောင်အထည် ဖော်ကြရမှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ အီးယူနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ လုံခြုံရေး စတဲ့ ကဏ္ဍတွေအားလုံးမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားရေးဟာ ဗြိတိန်နိုင်ငံရဲ့ အခြေခံစီးပွားရေး အကျိုးစီးပွားဖြစ်သလို အမျိုးသားအကျိုးစီးပွားလည်း ဖြစ်တယ်လို့ ပြောပါတယ်။ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ အီးယူနဲ့ တွဲရေး၊ ခွဲရေး ကိစ္စမှာ အီးယူနဲ့ ဆက်တွဲရေးဘက်က မဲဆွယ်စည်းရုံးခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up