A d v e r t i s e m e n t With Us

ဧရာဝတီတိုင်းထဲရှိ မြို့ကြီးခြောက်မြို့ကို ချိတ်ဆက်မည့် မိုးပျံအဝေးပြေးလမ်းမကြီး တည်ဆောက်မည်

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချပ် မန်းဂျော်နီ။
ဧရာဝတီတိုင်းထဲက မြို့ကြီးခြောက်မြို့ကို ချိတ်ဆက်မယ့် မိုးပျံအဝေးပြေးလမ်းမကြီးကို အစိုးရသက်တမ်း ငါးနှစ်အတွင်း အပြီးဆောက်သွားမယ်လို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝန်းခိုင်သန်းရဲ့ ဧရာဝတီတိုင်း ခရီးစဉ်အတွင်း ဟင်္သာတမြို့ကို ရောက်ရှိလာပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် အတူပါလာတဲ့ ၀န်ကြီးချုပ် မန်းဂျော်နီက မြို့မိမြို့ဖတွေကို အခုလို ပြောကြားခဲ့တာပါ။ “၆ မြို့ ဟင်္သာတ၊ ပုသိမ်၊ မအူပင်၊ ဖျာပုံ ဒီမြို့တွေပါအောင် ကျနော်တို့တွဲပြီးတော့ အကောင်အထည်ဖော်သွားမယ်။ ဒီငါးနှစ်အတွင်းမှာ ဖြစ်အောင်လုပ်မယ်။ ဒါကြောင့်မို့ ဆောက်လုပ်ရေးဝန်ကြီးတောင် ဆက်စကားမပြောနိုင်ဘဲ သူက ဆာဗေးလိုက်ဆင်းနေတာ။” ဒီလမ်းကို ဘိုးပိုင်စနစ်နဲ့ ဖောက်လုပ်သွားမှာဖြစ်ပြီး ပိုင်ရိုက်မယ့်နေရာက လယ်မြေတွေကို သိမ်းယူသွားမှာမဟုတ်ဘဲ လယ်မြေလျော်ကြေးပေးသွားမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ “လမ်းကြီးက မိုင် ၄၀ လောက် လျော့သွားမှာ။ ကျနော့်အိပ်မက်ထဲမှာ တခါမှမမက်ဖူးဘူး။ သူတို့ပြောလို့သိတာ။ အဲသလိုလမ်းမျိုး ဖြစ်လာမယ်။ ဒါဘယ်သူလုပ်မှာလဲ၊ လက်ရှိအစိုးရကနေပြီးတော့ လက်ရှိအင်ဂျင်နီယာတွေနဲ့ Foreign Direct Investment နဲ့ တွဲမှာ” လို့ ၀န်ကြီးချုပ်က ဆက်ပြောပါတယ်။ ဇူလိုင် ၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့အတူ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဟင်္သာတမြို့ကနေတဆင့် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင် ဇာတိဖြစ်တဲ့ ယုန်သလင်းကို သွားရောက်ခဲ့ပြီး အဲဒီကနေတဆင့် ကျုံပျော်မြို့မှာ ညအိပ်ခဲ့ပါတယ်။ သတင်း - စိုးရ

A d v e r t i s e m e n t With Us

More News
Up