ဆယ်ဘီးကားနှင့် ၃ ဘီးဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ကောက်စိုက်သမ ၆ ဦးသေဆုံး

ရန်ကုန်-မန္တလေး အဝေးပြေးလမ်းဟောင်း မိုင်တိုင် ၁၁၃ မိုင်မှာ ဆယ်ဘီးကားနဲ့ ၃ ဘီးဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိတဲ့အတွက် ၆ ဦး သေဆုံးခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၃ မိုင်မှာ ဒီကနေ့ မနက် ၇ နာရီခွဲလောက် ဆယ်ဘီးကားနဲ့ ကောက်စိုက်သမ ၁၆ ဦးစီးနင်းလိုက်ပါလာတဲ့ သုံးဘီးဆိုင်ကယ်တို့ မျက်နှာချင်းဆိုက်တိုက်မိတဲ့အတွက် ကောက်စိုက်သမ ၆ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ်ပေါ်ပါလာတဲ့ ကောက်စိုက်သမ ၆ ဦး သေဆုံးခဲ့ပြီး သုံးဘီးဆိုင်ကယ်မောင်းသူအပါအဝင် ကျန်တဲ့ ကောက်စိုက်သမတွေကိုလည်း စိုးရိမ်ရတဲ့ အခြေအနေနဲ့ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရပါတယ်။ ဒီယဉ်တိုက်မှုနဲ့ပတ်သက်ပြီး ဒုရဲမှူးသိန်းထိုက်အပါအဝင် ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး ရဲစခန်းက တာဝန်ရှိရဲအရာရှိတွေ စုံးစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ သတင်း - ကိုကျော်အောင် (ဖြူး)၊ ဓာတ်ပုံ - ကိုလင်း (ညောင်ဝိုင်း)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up