A d v e r t i s e m e n t With Us

ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ်ထိန်းချုပ်နယ်မြေ လေးပုံတပုံ ဆုံးရှုံး (ရုပ်သံ)

အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၁ နှစ်ခွဲအတွင်း ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာ သူတို့ထိန်းချုပ်ခဲ့တဲ့ နယ်မြေတွေရဲ့ ၄ ပုံ ၁ ပုံ ဆုံးရှုံးခဲ့တယ်လို့ ကမ္ဘာ့သုတေသနအဖွဲ့ကြီးဖြစ်တဲ့ အိုင်အိတ်ခ်ျအက်စ် အစီရင်ခံစာက ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အိုင်အက်စ် အကြမ်းဖက်တွေ သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေဟာ အခုအချိန်မှာ စတုရန်းမိုင် ၂၆၀၀၀ ကျော် လျော့နည်းသွားပြီလို့ ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အိုင်အိတ်ခ်ျအက်စ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အခုလို ထိန်းချုပ်ခဲ့တဲ့ နယ်မြေတွေ ဆုံးရှုံးလာတဲ့အတွက် အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံတွေမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်က အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်က အိုင်အက်စ်အကြမ်းဖက် အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုမှာ လူ ၃၀၀ လောက် သေဆုံးခဲ့ပါတယ်။ ဒီ ကားဗုံးခွဲတိုက်ခိုက်မှုဟာ ဘဂ္ဂဒက်မြို့တော် အနောက်ပိုင်းက အိုင်အက်စ် အကြမ်းဖက်တွေ အရင်ဆုံး တိုက်ခိုက်သိမ်းယူခဲ့တဲ့ ဖာလူဂျာမြို့ကို အီရတ်စစ်တပ်က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ပြီး ရက်ပိုင်းမှာပဲ ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up