မြန်မာ့ရွှေဈေးသမိုင်းတလျှောက် အမြင့်ဆုံးရောက်ရှိ

1.6K
ကမ္ဘာ့ရွှေဈေးတက်လာတာနဲ့အတူ မြန်မာရွှေဈေးလည်း အမြင့်ဆုံး ရောက်ရှိလာတဲ့အတွက် ရွှေဈေးကွက်အတွင်း အဝယ်မရှိသလောက်ဖြစ်နေပြီး ရောင်းချင်သူတွေသာ များနေကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဥရောပသမဂ္ဂက ဗြိတိန်ခွဲထွက်တာကြောင့် ကမ္ဘာ့ရွှေဈေးတက်လာခဲ့တဲ့အပြင် မြန်မာငွေတန်ဖိုး လည်း မာလာပါတယ်။
ပြည်တွင်းရွှေဈေးမှာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်ကစပြီး အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ရှစ်သိန်းကျော်အထိ မြင့်တက်ခဲ့ရာက ဇူလိုင်လပထမပတ်က အခေါက်ရွှေတကျပ်သားကို ကျပ် ၈၃၅၀၀၀ လောက်ရှိလာပါတယ်။
ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ ပြည်တွင်းရွှေဈေး အခေါက်ရွှေတကျပ်သားကို ဈေးကွက်အဖွင့်ဈေးဟာ ကျပ် ၈ သိန်းခွဲလောက်ရှိပေမဲ့ မွန်းလွဲပိုင်းမှာ ၈၄၇၀၀၀ ဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာဘဲ ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၁၃၅၅ ဒေါ်လာရှိနေပါတယ်။
ဒါပေမယ့် လက်ရှိပြည်တွင်းရွှေပေါက်ဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့ ယှဉ်ရင်တော့ နိမ့်နေသေးတယ်လို့ သိရပါတယ်။