A d v e r t i s e m e n t With Us

ဆိုင်ဘာလုံခြုံရေးဆိုင်ရာ နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲ တရုတ်တွင် ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဒုတိယအကြိမ်မြောက် နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ ဇူလိုင် ၁၁ ရက်နေ့က စတင်ကျင်းပပါတယ်။ ပွင့်လင်း၊ လုံခြုံ၊ တည်ငြိမ်ပြီး လက်လှမ်းမီ ငြိမ်းချမ်းတဲ့ ဆိုင်ဘာလောကအတွက် ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းတွေ တည်ဆောက်ရေး အာရုံစိုက် ဆွေးနွေးခဲ့တာပါ။ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း ကမကထပြုတဲ့ ၂ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံပေါင်း ၃၀ နီးပါးက အစိုးရ ကိုယ်စားလှယ် ခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေကို ဆွဲဆောင်ခဲ့တာပါ။ ပါဝင်ဆွေးနွေးသူတွေဟာ လက်ရှိ ဆိုင်ဘာလောက အခြေအနေ၊ နိုင်ငံတကာ စည်းမျဉ်းတွေ ဖော်ထုတ်မှု၊ ဒစ်ဂျစ်တယ် စီးပွားရေးကို အင်တာနက်ပေါ်ကနေ နိုင်နိုင်နင်းနင်း ထိန်းသိမ်းအုပ်ချုပ်ဖို့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးကြမှာပါ။ အားလုံးမျှဝေပြီး အားလုံးအုပ်ချုပ်တဲ့ ဆိုင်ဘာလောကဖြစ်ရေး သေချာစေဖို့ တက်ရောက်သူ အားလုံးဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ တရုတ်အစိုးရက အဆိုပြုထားပါတယ်။ အင်တာနက် လုံခြုံရေးဟာ နိုင်ငံတော် လုံခြုံရေး၊ ပြည်သူ့အကျိုးစီးပွားတွေနဲ့ နီးနီးကပ်ကပ် ပတ်သက်နေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဆိုင်ဘာလုံခြုံရေး ဘေးကင်းစေဖို့နဲ့ သတင်းအချက်အလက်ဆိုင်ရာ အခြေခံ အဆောက်အဦတွေကို ပိုကောင်းကောင်းကာကွယ်ဖို့ အားထုတ်မှုတွေ ပိုလိုအပ်နေတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ပထမဆုံး နိုင်ငံတကာ ဆိုင်ဘာ အလုပ်ရုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီးပြည်နယ် ရှီးအန်းမြို့မှာ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up