မိဘသဘောတူသူကို ငြင်းပယ်သည့် မိန်းကလေးအား အစ်ကိုဖြစ်သူမှ သေနတ်ဖြင့်ပစ်

ဓာတ်ပုံ - စီအီးအန်
အိန္ဒိယနိုင်ငံမှာ မိသားစုက သဘောတူထားသူကို လက်ထပ်ဖို့ ငြင်းပယ်ခဲ့တဲ့ မိန်းကလေးတဦးကို အစ်ကိုဖြစ်သူက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇူလိုင် ၁၁ ရက်နေ့က ဖော်ပြပါတယ်။ ရှာဘ်နမ်အမည်ရတဲ့ အဲဒီမိန်းကလေးဟာ သူချစ်တဲ့သူကိုသာ လက်ထပ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ မိသားစုက လက်ထပ်ပေးဖို့ စီစဉ်ထားတဲ့ သဘောတူတဲ့သူကို ငြင်းပယ်ခဲ့လို့ အစ်ကိုဖြစ်သူက ခုလို သေနတ်နဲ့ ပစ်ခဲ့တာပါ။ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ပရာဒေ့ရှ်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ အစ်ကိုဖြစ်သူ မိုဟာမက် နာရင်းမ်ဟာ မိသားစုရဲ့ ဂုဏ်သိက္ခာအတွက် ခုလိုပစ်သတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ အစ်ကိုဖြစ်သူဟာ အဲဒီနေ့က ဗလီကျောင်းကို သွားရောက်ခဲ့ပြီး အပြန်မှာ ရှင်းရှင်းလင်းလင်းမြင်ရတဲ့ အကွက်အကွင်းနေရာကို ချိန်ရွယ်ပြီး ပစ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ သေနတ်ကျည်ဆံဟာ မိန်းကလေးရဲ့ လည်ပင်းမှာ ၀တ်ဆင်ထားတဲ့ ရွှေလော့ကက်သီးကိုသာ ထိခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံ မိသားစုတွေကြားမှာ ထင်သာမြင်သာတဲ့ ပြဿနာဖြစ်လာခဲ့ပြီး ချစ်ခြင်းမေတ္တာကြောင့် ကြိုတင်စီမံထားတဲ့ လက်ထပ်မှုကို ငြင်းပယ်မှုအတွက် သေတဲ့အထိ နှောင့်ယှက်ဟန့်တား ခံနေရတာကို မီးမောင်းထိုးပြနေတာလို့ သတင်းမှာ ဖော်ပြပါတယ်။ မိန်းကလေးဟာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာတွေ မရရှိခဲ့ပေမယ့် ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်ကာ ရဲတွေကတော့ စစ်ချက်ယူဖို့ စောင့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up