A d v e r t i s e m e n t With Us

သီးနှံအာမခံစနစ် ပေါ်ပေါက်လာရန် ဥပဒေတရပ် လိုအပ်နေ

သီးနှံအာမခံစနစ် ပေါ်ပေါက်လာဖို့ ဥပဒေတစ်ရပ် လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာ့လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းနဲ့ အမေရိကန်က အန်ဂျီအိုတစ်ခုတို့ ပူးပေါင်းပြီး သီးနှံအာမခံစနစ် ဖြစ်နိုင်ခြေ လေ့လာတဲ့စာတမ်းတခုကို ပြုစုဖို့ ရှိနေပါတယ်။ “အာမခံပေးတဲ့နေရာမှာတော့ လယ်သမား တစ်ယောက်တည်း ဆောင်ရွက်လို့ မရပါဘူး။ ကျန်တဲ့ တိုင်းပြည်တွေမှာတော့ အစိုးရကလည်း မျှဝေကျခံပါတယ်။ အဲဒါမှပဲ ပရီမီယံကြေးကို ပေးသွင်းလို့ ရမှာပါ။ ကျွန်တော်တို့ မြင်တာကတော့ သီးခြားဥပဒေတစ်ရပ် ပြဋ္ဌာန်းရမယ်လို့ မြင်ပါတယ်” လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ ဒီလို အာမခံစနစ် မရှိတဲ့အတွက် သဘာဝဘေးအန္တရာယ်တွေ ကြုံလာရတဲ့အခါ တောင်သူတွေ အနေနဲ့ အရင်းအနှီးနဲ့ အချိန်တွေ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up