ဇူလိုင် ၁၂ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
ဇူလိုင်လ ၁၂ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၁၇၂ ကျပ်၊ ၁ ယူရိုငွေကို ၁၂၉၅ ဒသမ ၇ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၈၆၇ ဒသမ ၅၁ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၂၉၃ ဒသမ ၁၅ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၃ ဒသမ ၃၃ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၈၄၉၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၈၄၉၂၀၀ ကျပ် ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၃၅၄ ဒသမ ၅၀ ဒေါ်လာ ဈေးပေါက်ပါတယ်။