ပြင်သစ်ပရိသတ်တဦးကို ပေါ်တူဂီကလေးငယ် နှစ်သိမ့် (ရုပ်သံ)

1.6K
ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းက ပြင်သစ်ကို အချိန်ပိုမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီးတဲ့နောက် ပြင်သစ်ပရိသတ်တွေ ကြေကွဲခဲ့ရပါတယ်။
ပြင်သစ်အသင်းကို အားပေးနေတဲ့ သက်လတ်ပိုင်းအရွယ် လူငယ်ပရိသတ်တဦးဟာ ပြင်သစ်အသင်းရဲ့ အရှုံးကိုကြည့်ပြီး ၀မ်းနည်းစွာ ငိုကြွေးနေပါတယ်။
ငိုကြွေးနေတဲ့ ပြင်သစ်ပရိသတ်ကို ပေါ်တူဂီအသင်း အားပေးတဲ့ ကလေးငယ်တဦးက လာရောက် နှစ်သိမ့်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ကလေးငယ်က လူငယ်ကို ဖက်ပြီး နှစ်သိမ့်ခဲ့တဲ့ ဒီဖြစ်ရပ်ကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားပြီး နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။