A d v e r t i s e m e n t With Us

ဗိုလ်မှူးကြီးဗထူးကြေးရုပ်ဖွင့်လှစ်ပွဲ ရွာငံမြို့တွင် ကျင်းပ

ရွာငံမြို့မှာ ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးဗထူးရဲ့ နှစ် ၁၀၀ ပြည်ပွဲမှာ ဗိုလ်မှူးကြီးဗထူးကြေးရုပ်ဖွင့်လှစ်ပွဲကို ဒီနေ့ မနက် ၁၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း ဗိုလ်မှူးကြီးဗထူး တိုက်ပွဲရင်းကျဆုံးခဲ့တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံမြို့မှာ ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာပြည့်ပွဲကို ကျင်းပခဲ့ပြီး ဗိုလ်မှူးကြီးဗထူးရဲ့ အမှတ်တရ ကြေးရုပ်ဖွင့်ပွဲ လည်း ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာပြည့်ပွဲကျင်းပတဲ့ ရွာငံမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ကနေ ၁၂ နေ့အထိ ၃ ရက်တိုင်တိုင် စာပေဟောပွဲနဲ့ ဗိုလ်မှူးကြီးဗထူးရဲ့ သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံပြပွဲကိုလည်း ကျင်းပနေပါတယ်။ ဓာတ်ပုံ - အိမ်ခိုင်မြဲ  

A d v e r t i s e m e n t With Us

More News
Up