A d v e r t i s e m e n t With Us

ယာယီတံတား ရေတိုက်စား၍ ဒေသခံများ စတီးကြိုးအသုံးပြု ဖြတ်သန်းနေရ

ကလေးမြို့ အနောက်မြောက်ဒေသရှိ ညောင်တုန်းရွာနဲ့ မင်းလှရွာကူးတံတားဖြစ်တဲ့ နတ်တံခါးချောင်း ယာယီတံတား ဇူလိုင် ၈ ရက်နေ့က ရေတိုက်စားခဲ့တာကြောင့် ဒေသခံတွေ ချောင်းတဘက်ကမ်း အသွားအလာကို စတီးလ်ကြိုးအသုံးပြု ဖြတ်သန်းနေရပါတယ်။ နတ်တံခါးချောင်းကို နှစ်စဉ်ဖြတ်သန်းနိုင်ဖို့နဲ့ မိုးရာသီ ရေကျချိန်ကိုပါ ဖြတ်သန်းနိုင်ဖို့အတွက် ကြိုးတံတား အခိုင်အမာ တည်ဆောက်ဖို့ လက်ရှိမှာ ဒေသ အစိုးရအဖွဲ့အစည်းကလည်း ပြင်ဆင်နေပါတယ်။ လက်ရှိမှာ မိုးတွင်းကာလပါ ဖြတ်သန်းနိုင်ဖို့ ကြိုးတံတား ကွန်ကရိတိုင် တည်ဆောက်မှုလုပ်ငန်း ပြီးစီးနေပြီး ကြိုးနဲ့ ကြမ်းခင်းကို မကြာခင် တပ်ဆင်တော့မယ်လို့လည်း သိရပါတယ်။ အခုတည်ဆောက်မယ့် ကြိုးတံတားကတော့ စေတနာရှင် လှူဒါန်းမှုနဲ့ တည်ဆောက်မှာဖြစ်ပြီး လတ်တလော စတီးလ်ကြိုးနဲ့ ချောင်းဖြတ်သန်းခ လူတဦး ၅၀၀ ကျပ်နဲ့ ဆိုင်ကယ်တစီး ၅၀၀ ကျပ်ပေးပြီး ဖြတ်သန်းနေရပါတယ်။ သတင်း ဓာတ်ပုံ - မင်းရဲစစ်နိုင်

A d v e r t i s e m e n t With Us

More News
Up