ဂီတပညာရှင် ၇၅၀၀ ကျော် တီးခတ်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး သံစုံတီးဝိုင်း (ရုပ်သံ)

ဂျာမနီနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ဖရန့်ဖာ့တ်မြို့က ဘောလုံးကစားရုံထဲမှာ ဇူလိုင် ၉ ရက်ညက ဂီတပညာရှင် အယောက် ၇၅၀၀ ကျော် စုဝေးခဲ့ပြီး ကမ္ဘာ့အကြီးဆုံး သံစုံတီးဝိုင်း ဖျော်ဖြေမှု စံချိန်ဟောင်းကို ချိုးခဲ့ပါတယ်။ ဒီပွဲကို အသက် ၂၈ နှစ်အရွယ် ခရာမှုတ်သူနဲ့ ဂီတဆရာတဦးက စီစဉ်ခဲ့တာပါ။ ထောင်နဲ့ချီတဲ့ ဂီတပညာရှင်တွေကို လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး စုဖို့ အကြံရခဲ့ပေမယ့် စိန်ခေါ်မှုက ဂီတပညာရှင်တွေ ဘယ်မှာထိုင်မလဲ ဆိုတာပဲလို့ ဂီတမှူး ဝေါ့ဖ် ကာရှက်စ်ကိုက ပြောပါတယ်။ တေးသွား၊ လေမှုတ်တူရိယာနဲ့ ကြေးပြွန်တူရိယာ သံစုံတီးဝိုင်း အမျိုးအစား အမျိုးမျိုးရှိပေမယ့် သူတို့ကို စုပေါင်းပြီး သံစုံတီးဝိုင်းတခုတည်း အဖြစ်နဲ့ ဖျော်ဖြေဖို့ လုပ်နိုင်ခဲ့တယ်လို့ စီစဉ်သူ ယန်စ် အီလီမန်းက ပြောပါတယ်။ ၂၀၁၃ ခုနှစ်က သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာ ကမ္ဘာ့အကြီးဆုံး သံစုံတီးဝိုင်း ဖော်ျဖြေပွဲကို ကျင်းပချိန်က ဂီတပညာရှင် ၇၂၂၄ ဦး ပါဝင်တီးခတ်ခဲ့တာပါ။ အခုတကြိမ်မှာတော့ ဂီတပညာရှင် ၇၅၄၈ ဦး ပါဝင်ခဲ့လို့ ၃၂၄ ဦး ပိုများပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up