ယူရိုချန်ပီယံ ပေါ်တူဂီအသင်းကို ပရိသတ်များ သောင်းသောင်းဖျဖျ အားပေး (ရုပ်သံ)
ဥရောပချန်ပီယံ ပေါ်တူဂီအသင်းဟာ အိမ်မပြန်ခင် ပြင်သစ်နိုင်ငံမှာပဲ အမာခံ ပရိသတ်တွေက သောင်းသောင်းဖျဖျ အားပေးတာနဲ့ ကြုံရပါတယ်။
ပေါ်တူဂီအသင်း စခန်းချရာ မာကော့စစ်မြို့မှာ အသင်းခေါင်းဆောင် ရော်နယ်ဒို၊ နာနီတို့နဲ့အတူ ဇူလိုင် ၁၀ ရက်နေ့ ဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့တဲ့ အီဒါတို့ပါတဲ့ ပေါ်တူဂီ အသင်းသားတွေကို အမာခံပရိသတ်တွေက လက်ခုပ်လက်ဝါးတီးပြီး လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြပါတယ်။
ပေါ်တူဂီအသင်းဟာ ဗိုလ်လုပွဲမှာ အိမ်ရှင် ပြင်သစ်အသင်းကို တဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီးနောက် ဇူလိုင် ၁၁ ရက်နေ့မှာပဲ အောင်ပွဲနဲ့ အိမ်ပြန်တဲ့အခါ ပေါ်တူဂီသမ္မတက ကြိုဆိုပြီး လစ္စဘွန်းမြို့ပေါ်မှာ တနေကုန် ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။