အမေရိကန်အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်ဖြန့်ကျက်မှု မြောက်ကိုရီုးယားသတိပေး

တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်အဆင့်မြင့်ဒုံးကျည်ကာကွယ်ရေး စနစ်ဖြန့်ကျက်မှုကို ကိုယ်ထိ လက်ရောက် တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားစစ်တပ်က ကြေညာပါတယ်။ ကိုရီးယားပြည်သူ့တပ်မတော် အမြောက်တပ်ဖွဲ့ စစ်ဦးစီးဗျူရိုက ဒီကနေ့ တနင်္လာနေ့မနက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံးတုံ့ပြန်ချက်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့က ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်၏ အမြင့်ပျံ လေကြောင်းရန်ကာကွယ်ရေးစနစ် (Terminal High Altitude Area Defense system –THAAD) ဖြန့်ကျက်မှုကို ကြေညာခဲ့ပါတယ်။ ဒီစနစ်ဟာ  မြောက်ကိုရီးယားနိုင်ငံက ထပ်တ လဲလဲ နျူကလီးယားစမ်းသပ်မှုနဲ့ ပဲထိန်းဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ခြိမ်းခြောက်နေမှုကို တန်ပြန်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားစစ်တပ်ရဲ့ ကြေညာချက်ထဲမှာ ပဲ့ထိန်းဒုံးကျည်တိုးတက်မှုဟာ မိမိနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုကာကွယ်ဖို့အတွက်ဖြစ်တတယ်လို့ ဖော်ပြပါတယ်။ THAAD ဖြန့်ကျက်ချတဲ့ နယ်မြေကို အတည်ပြုပြီးတာနဲ့  တုံ့ပြန်မယ်လို့ ဆိုပါတယ်။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေ့လာသူတွေ ကတော့ ပဲ့ထိန်းဒုံးကျည်ထပ်မံပစ်လွှတ်မှုမျိုး၊ ဒါမှမဟုတ် စစ်အတွက် ပြင်ဆင်တဲ့ ဖြန့်ကျက်မှုတွေ လုပ်လာနိုင်တယ်လို့ တွက်ဆပြောဆိုကြပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အမည်မည်းစာရင်းသွပ်သွင်းပြီး တရက်အကြာမှာ THAAD ဖြန့်ကျက်ဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖိအားအပေါ် အံတုမှုကို မြှင့်တင်ထားပြီး  ခေါင်းဆောင်ကင်ဂျုံအန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုကိုဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ ပါတယ်။ တရုတ်နိုင်ငံကတော့ ဒီဖြန့်ကျက်မယ့်အစီအစဉ်ဟာ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်မှုကို ပျက်ပြာစေလိမ့်မယ်၊ ဒေသတွင်း လုံခြုံရေးချိန်ခွင်လျာကို ပျက်ယွင်းစေလိမ့်မယ်လို့ အစောပိုင်းကတည်းက ပြောဆိုကန့်ကွက်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up