A d v e r t i s e m e n t With Us

သစ်တောဧက ၆၀၀ ကျော် မီးလောင်ကျွမ်းမှုအတွက် အပျော်ခရီးထွက်သူ ၂ ဦးကို အရေးယူ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာ သစ်တောဧက ၆၀၀ ကျော် မီးလောင်ကျွမ်းမှုအတွက် တောတွင်းအပျော်ခရီးထွက်သူ ၂ ဦးကို ပြည်နယ်အာဏာပိုင်တွေက ဇူလိုင် ၁၀ ရက်နေ့မှာ အရေးယူထားပါတယ်။ ကော်လိုရာဒိုပြည်နယ်၊ နက်တာလန်မြို့အနားမှာ လောင်ကျွမ်းနေပြီး လူနေအိမ်ခြေ ၃ လုံးပဲ မီးကူးစက်လောင်ကျွမ်းခဲ့ပေမယ့် ဒေသခံ ၂၀၀၀ လောက် ဘေးလွတ်ရာကို အရေးပေါ် ပြောင်းရွှေ့စေခဲ့ရတယ်လို့ အန်ဘီစီ ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ တောတွင်းပျော်ပွဲစားထွက်လာသူ ၂ ဦးဟာ အယ်လာဘာမားပြည်နယ်ကဖြစ်ပြီး မီးရှို့မှုစွဲချက်နဲ့ တရားစွဲခံထားတယ်လို့ ဒင်ဗာပို့စ် (Denver Post) သတင်းစာက ဆိုပါတယ်။ သူတို့ ၂ ဦး အသုံးပြုခဲ့တဲ့မီးကို သေချာ မငြှိမ်းသတ်ခဲ့ဘဲ ထားခဲ့တဲ့အတွက် လေပြင်းတိုက်ခတ်တဲ့အချိန်မှာ ပြန်ပြီး လောင်ကျွမ်းခဲ့တာလို့ ပြည်နယ်အာဏာပိုင်တွေက ဆိုပါတယ်။ တောမီးကို ဒေသခံ မီးသတ်တပ်ဖွဲ့တွေ ငြှိမ်းသတ်နေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ သစ်တောဧက ၆၀၀ ကျော် မီးလောင်ကျွမ်းသွားပြီလို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up