A d v e r t i s e m e n t With Us

တောင်ကိုရီးယားကို တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က အဆင့်မြင့် ဒုံးခွင်းဒုံးစနစ်ကို တောင်ကိုရီးယားနိုင်ငံမှာ ချထားမယ်လို့ ကြေညာခဲ့အပြီး မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံကို တကယ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို ကာကွယ်ဖို့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က သက် (THAAD) အဆင့်မြင့် ဒုံးခွင်းဒုံးစနစ်ကို ချထားမှာပါ။ တကယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ အဲ့ဒီ ဒုံးခွင်းစနစ်ကို ချထားမယ်ဆိုရင် အပြင်းအထန် တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားစစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ကို အခုလို ပုံမှန်လိုလို ခြိမ်းခြောက်နေတာပါ။ ပြီးခဲ့တဲ့တပတ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်တော့လည်း မြောက်ကိုရီးယားနိုင်ငံကို အတိအလင်း စစ်ကြေညာတာလို့ ပြောဆိုခဲ့ပါတယ်။ အခုလို အဆင့်မြင့်ဒုံးခွင်းဒုံးစနစ်ကို တောင်ကိုရီးယားမှာ ချထားမယ်ဆိုပေမယ့် ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူက ထိန်းချုပ်မယ်ဆိုတာတော့ သေချာ မသိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up