A d v e r t i s e m e n t With Us

ဟူနန်ပြည်နယ်တွင် မြစ်တာပေါင်ရိုးကျိုးပေါက်၊ ဒေသခံများကို ကယ်ထုတ် (ရုပ်သံ)

တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ မနက်က မြစ်တာပေါင်ရိုး ၁၀ မီတာကျော် ကျိုးပေါက်ခဲ့လို့ ဒေသခံ အယောက် ၂ သောင်း ၇ ထောင်ထဲက ၂ သောင်း ၁ ထောင်ကို ညနေ ၅ နာရီမှာ ကယ်ထုတ်ခဲ့ပါတယ်။ လောလောဆယ်အထိ အသေအပျောက် အစီရင်ခံမှု မရှိသေးပါဘူး။ အာဏာပိုင်တွေက အရေးပေါ် ရွှေ့ပြောင်းရေးကို စစ်သည်အင်အား ၂ ထောင်နဲ့ စတင်ပြီး ၁ နာရီအကြာ ဟွာရုံမြို့နယ်မှာ မြစ်ဝကျွန်းပေါ် ရေလွှမ်းမှုထိန်းချုပ်ရေး ဒေသမှာ မြစ်ကမ်း ကျိုးပေါက်ခဲ့တာပါ။ လောလောဆယ်မှာတော့ မြစ်ကမ်းပါးကျိုးပေါက်မှုက မီတာ ၃၀ အထိ ရှိသွားပြီး ကယ်ဆယ်ရေးသမားတွေက တာပေါင်ရိုးကို ပြန်ဖို့ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ ဒီတာပေါင်ရိုးဟာ စိုက်ပျိုးမြေ ဟက်တာ ၄၄၀၀ ကို ကာကွယ်ပေးနေတာပါ။ တရုတ်နိုင်ငံအတွင်း ကျယ်ပြန့်တဲ့ ဧရိယာတွေမှာ မိုးကြီးပြီး ရေလွှမ်းမိုးတာနဲ့ ရွှံ့မြေပြိုကျတာတွေ ရင်ဆိုင်နေရပါတယ်။ ဟူနန်ပြည်နယ်မှာ ပျမ်းမျှ မိုးရေချိန်က ၁၆၆ မီလီမီတာ ဖြစ်ပေမယ့် ဇူလိုင် ၉ ရက်နေ့ နှောင်းပိုင်းမှာတော့ ၄၂၂ မီလီမီတာနဲ့ သမိုင်းတွင် စံချိန်သစ်တင်ခဲ့ပါတယ်။ အများပြည်သူပံ့ပိုးမှု စီမံရေးရုံး ဒု-ညွှန်မှူးက ကယ်ဆယ်ရေးကား အစီး ၆၀ နဲ့ ဝန်ထမ်း အယောက် ၅၀၀ ကို တာဝန်ချထားတယ်၊ ရေပိုက်ကြီး ၃၀ လုံးနဲ့ ရေတွေကို မနက် ၂ နာရီတည်းက စုပ်ထုတ်နေတယ်လို့ ပြောပါတယ်။ ဒေသတွင်း စိုက်ပျိုးမြေ ဟက်တာ ၂ သောင်း၂ ထောင် ရေမြုပ်နေပြီး အဆောက်အဦ ၁၈၇ လုံး ရေစီးနဲ့ မျောပါခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up