A d v e r t i s e m e n t With Us

ကျောက်မဲခရိုင်တွင်း ပစ်ခတ်မှုကြောင့် ရွာသားပေါင်း ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်

နမ္မတူမြို့ ရွှေမြင်သာကျောင်းတိုက်သို့ တိမ်းရှောင်လာသည့် ရွာသားများ (ဓာတ်ပုံ - Sai Hseng)
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ ကျေးရွာအနီး ပစ်ခတ်သံတွေကြောင့်  ရွာသားပေါင်း  ၂၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နမ္မတူမြို့ မြောက်ဘက် မိုင် ၂၀ ကျော်အကွာ  ၀မ့်မိုင်၊ ၀မ့်နား၊ ကလား၊ စယ့်ပိန်း၊ နမ့်ဟူး၊ နားလေ  စတဲ့ ရွာပေါင်း ၆ ရွာက ရွာသားပေါင်း ၂၀၀ကျော်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး နမ္မတူမြို့ပေါ် ရွှေမြင်သာကျောင်းတိုက်ကို ထွက်ပြေးပုန်းရှောင်လာတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးအာစိန္နမှ ဒီဗွီဘီကို မိန့်ကြားပါတယ်။ “ရွာသားတွေက သေနတ်သံတွေကြားလို့ ကြောက်ပြီးထွက်ပြေးလာကြတယ်။ သောကြာနေ့ ကစပြီး တသုတ်စီ ရောက်လာတယ်။  အခု ၂၁၈ ယောက်ရှိသွားပြီ။  ၄ ရက်နေ့က ၀မ့်မိုင်ရွာသား ၃- ၄ ယောက်ကို ပလောင်တပ်က ဖမ်းခေါ်သွားတယ်လို့ ရွာသားတွေပြောတယ်။ အခုထိ ပြန်မ ရောက်သေးဘူးတဲ့၊ တိုက်ပွဲတော့ မဖြစ်ပါဘူး။ ဒါပေမယ့် ရွာထဲဝင်ပြီး သေနတ်ဖောက်လို့ ထွက်ပြေးလာကြတယ်။” အဖမ်းခံရတဲ့ ရွာသားတွေကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးကြောင်း၊ သူတို့ဟာ ယာခင်း ကအပြန် တီအန် အယ်လ်အေနဲ့ တိုးမိပြီး ခေါ်ဆောင်ခြင်းခံရတာလို့ ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို နမ္မတူဒေသခံနဲ့ စေတနာရှင်တွေက စားနပ်ရိက္ခာ တွေ လာရောက်ကူညီကြပြီး နမ္မတူမြို့နယ်အုပ်ချုပ်ရေးပိုင်းကလည်း မနေ့က ရောက်လာကာ ကူညီကယ်ဆယ်ရေးကော်မတီ ဖွဲ့ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။ ရွာသားအများစုဟာ အ၀တ်တထည်ကိုယ်တခု ရောက်လာတာကြောင့် အ၀တ်အထည်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပြီး ဆရာတော်ဖုန်းနံပတ် ၀၉ -၄၅၃၆၇၄၃၆၇ ထံ ဆက်သွယ် ကူညီနိုင်တယ်လို့ ဆိုပါတယ်။ ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာတော့ အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်တောင်ပိုင်း အဖွဲ့ရဲ့ စစ်ရေးပြင်ဆင်မှုနဲ့ ခြိမ်းခြောက်မှုတွေကြောင့် မန်လွယ်(နမ့်ယင်)က သံဃာနဲ့  ရွာသားပေါင်း ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့စပြီး သီပေါမြို့ ရတနာရွှေဂူ ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေရတယ်လို့ တီအန်အယ်လ်အေ သတင်းနဲ့ ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ တီအန်အယ်လ်အေကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ တီအန်အယ်လ်အေ တအာင်းတပ်နဲ့ အာရ်စီအက်စ်အက်စ် ရှမ်းတပ်တို့ဟာ ရှမ်းပြည်မြောက်ပိုင်း ဘက်မှာ နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကစ ကနေ့ထိ ထိေ တွ့ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေတာပါ။

A d v e r t i s e m e n t With Us

More News
Up