A d v e r t i s e m e n t With Us

ဝန်ထမ်းကြိုပို့ယာဉ်တိမ်းမှောက်၊ ယာဉ်မောင်းနှင့် အမျိုးသမီးဝန်ထမ်း ၂၈ ဦး ဒဏ်ရာပြင်းထန်

နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနအနီးမှာ ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က တရားလွှတ်တော်ရုံး ၀န်ထမ်းပို့ယာဉ်ဟာ တိမ်းမှောက်ခဲ့ပြီး အမျိုးသမီးဝန်ထမ်း ၂၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ ဒီယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အမျိုးသားအပါအ၀င် ကားပေါ်ပါ အမျိုးသားသမီးဝန်ထမ်း ၂၇ ဦးဟာ အသက်အန္တရာယ်အစိုးရိမ်ရပေမယ့် ဒဏ်ရာ ပြင်းထန်တဲ့အတွက် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ယာဉ်မောင်းကို နေပြည်တော်ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှာ ပုဒ်မ ၃၃၇၊ ၃၃၈၊ ၂၇၉ တို့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up