A d v e r t i s e m e n t With Us

ၾသစေၾတးလ် ရွေးကောက်ပွဲတွင် အာဏာရ ညွန့်ပေါင်းပါတီ ကပ်ပြီး အနိုင်ရ

သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်း တန်ဘူးလ်။ (ဓာတ်ပုံ - ရိုက်တာ)
ပြီးခဲ့တဲ့တပတ်က သြစတြေးလျနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ်ရဲ့ အာဏာရ ညွန့်ပေါင်းပါတီကပဲ ကပ်ပြီး အနိုင်ရရှိသွားပါတယ်။ အတိုက်အခံ လေဘာပါတီခေါင်းဆောင်က သူတို့ပါတီ ရှုံးနိမ့်တယ်လို့ ကြေညာအပြီးမှာ ၀န်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာပါ။ မဲတွေကိုတော့ ဆက်လက်ရေတွက်ဆဲဖြစ်ပေမယ့် ညွန့်ပေါင်းပါတီက အစိုးရဖွဲ့ရေး လိုအပ်တဲ့ မဲအရေအတွက် ရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မဲရလဒ်မပြတ်ဘဲ ကပ်ပြီး အနိုင်ရတာ ဖြစ်တဲ့အတွက် လက်ရှိ ညွန့်ပေါင်းအစိုးရရဲ့ မူဝါဒတွေ၊ ၀န်ကြီးချုပ် တန်ဘူးလ်ရဲ့ ခေါင်းဆောင်မှုအပေါ် သိပ်သဘောမတွေ့တာတွေကတော့ ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ အောက်လွှတ်တော်မှာ အများစုနေရာရဖို့ မဲနေရာ အနည်းဆုံး ၇၆ နေရာ ရရှိရမှာဖြစ်ပြီး တခြားပါတီငယ်တွေနဲ့ တသီးပုဂ္ဂလ အမတ်တွေနဲ့ ရရှိသွားနိုင်တာပါ။ အတိုက်အခံ လေဘာပါတီကတော့ ၆၆ နေရာပဲ ရရှိထားပြီး နောက် ၅ နေရာ အနိုင်ရဖို့လည်း သိပ်မသေချာပါဘူးလို့ သြစတြေးလျ သတင်းတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up